News

ယခုနှစ်များအတွင်းမှာ Viber ဟာအသုံးပြုသူများရဲ့ Privacy ကိုဦးစားပေးတဲ့အနေနဲ့ chat နဲ့ call တွေရဲ့ information တွေကို ကာကွယ်နိုင်ဖို့ options ပေါင်းများစွာထားရှိပေးထားပါတယ်။ Viber အတွက်တော့ အသုံးပြုသူများရဲ့ privacy ဟာ ဦးစားပေး အချက်အလက်တစ်ခုဖြစ်တယ်လို့လဲ ဖော်ပြထားပါတယ်။

အခု blog post လေးမှာတော့ Viber ကအသုံးပြုသူတွေကိုဘယ်လိုပုံစံမျိုးတွေနဲ့ extra safe ဖြစ်အောင်ဆောင်ရွက်ပေးထားလဲဆိုတာလေးတွေကို အကျဉ်းချုံးဖော်ပြပေးသွားမှာဖြစ်ပါတယ်။

? End to End encryption
လူတော်တော်များများက “end-to-end encryption” အကြောင်းကိုပြောကျပါတယ်။ End to End encryption ဆိုတာကတော့ အလွယ်ကူအရိုးရှင်းဆုံးပြောရလျှင် အသုံးပြုသူ၏ Viber chat နှင့် ခေါ်ဆိုမှုများကို ကြားခံတစ်စုံတစ်ယောက်နှင့် ပြင်ပမှ၀င်ရောက်ဖတ်ရှူ့ခြင်းကြားဖြတ်နားထောင်ခြင်း မရအောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Viber မှ technician သို့မဟုတ် software များဖြင့်ပါ ၀င်ကြည့်လို့မရနိုင်တာပဲဖြစ်ပါတယ်။
Viber ၏ ထူးခြားချက်ကတော့ အခြား application များနှင့်မတူပဲ “end-to-end encryption” ကို activate သက်သက်လုပ်စရာမလိုခြင်းပဲဖြစ်ပါတယ်။

? Privacy setting များကို ချိန်ညှိနိုင်ခြင်း Viber တွင် privacy settings menu ကိုအသုံးပြုပြီး လိုအပ်သော အချက်အလက် ကာကွယ်မှုများ ကိုပြုလုပ်နိုင်ပါသည်။ Hidden Chats များကိုအသုံးပြုခြင်း၊ Personal data management များပြုလုပ်ခြင်း၊ message requests နှင့် trusted contact များထားရှိခြင်းတို့ဖြစ်ပါသည်။
Hidden chat: အချို့ပြောဆိုမှုများသည်အလွန် private ထားသင့်ပြီး security ပိုမိုလိုအပ်ပါသည်။ အလွန်အရေးကြီးသော ထိုကဲ့သို့ ပြောဆိုမှူ့များအတွက် Hidden Chats ကိုအသုံးပြုနိုင်ပါသည် ။ Hidden Chat သည် PIN နံပါတ်ဖြင့်သာ ၀င်ရောက်နိုင်ပြီး Viber ၏အခြားအပိုင်းတစ်ခုတွင်သိမ်းဆည်းထားနိုင်ပါသည်။ Settings > Privacy > Hidden Chats

? Group Chat: နောက်ထပ်စိတ်ဝင်စားစရာ option တစ်ခုကတော့ group chat များတွင်အဖွဲ့ဝင်အဖြစ်ထည့်တာကို ကန့်သတ်နိုင်ခြင်းပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာစိတ်ဝင်စားစရာ group တွေ information share တဲ့ group တွေမှာ member ဖြစ်ရတာအဆင်ပြေပေမဲ့ မဆိုင်တဲ့ Group တွေနဲ့ notification တွေများနေမှာတော့ မလိုလားကျပါဘူး။
Viber မှာဆိုရင်တော့ Group chat တွေမှာဘယ်သူတွေကပဲ add ပေးနိုင်မလဲဆိုတာ အလွယ်တကူသတ်မှတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ Settings > Privacy > Control Who Can Add You To Groups

? Viber-screen Lock on Desktop Viber account တွေကို Desktop ပေါ်မှာတော်တော်များများ အသုံးပြုရမယ်လို့ထင်ပါတယ်။ Desktop နှင့် laptop တွေကို မျှဝေသုံးဆွဲရပေမဲ့လဲ Viber account နှင့် Information တွေကိုတော့မျှဝေစရာမလိုပါဘူး။
Viber for Desktop ကိုအသုံးပြုသောအခါ Viber ကို password ခံထားပြီး lock ချကာအသုံးပြုလို့ရနိုင်ပါတယ်။ Go to More > Set a Viber-screen Lock

?‘Online’ and ‘Read’ status settings နောက်ထပ် privacy အတွက်အသုံးတည်မဲ့ setting ကတော့ သင် online ရှိမရှိရယ် message များကိုဖတ်ပြီးကြောင်းမပြလိုလျှင်ရယ် အသုံးပြုနိုင်မဲ့ Setting ဖြစ်ပါတယ်။
Settings > Privacy > Turn off ‘Online’ status / ‘Seen’ status

Viber နှင့် ပတ်သက်တဲ့ နောက်ထပ် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ထပ်မံဖော်ပြပေးသွားပါမယ်နော်။ GIM သည် Rakuten Viber နှင့် official partner ဖြစ်သောကြောင့် Viber ကြေငြာများနှင့်ပါတ်သတ်သော ဝန်ဆောင်မှူများကို အသေးစိတ်တိုင်ပင် ဆွေးနွေးနိုင်ပါတယ် ?

#Viber_Secure
#GIM
#Official_partner_with_RakutenViber
Contact us: +95 0945594477
Read more ? www.gim4u.com