News

ဒီနေ့မှာတော့ Facebookမှာ engagement တက်အောင်ဘယ်လိုလုပ်မလဲ ဆိုတာကို ကျွန်တော်တို့လေ့လာသိရှိထားတဲ့ အထဲက Tips အချို့ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်..

? Quality ကို quantity ထက်ပိုပြီးဦးစားပေးပါ Post တွေကိုတနေ့ တစ်ပုဒ် (သို့မဟုတ်) တပုဒ်ထက်ပိုတင်တာ ကောင်းတယ်လို့ ကျွန်တော်တို့သိထားပါတယ်။ ဒါပေမဲ့ အများကြီးတင်ရတဲ့ အခါမှာ content တွေကို အရမ်းစိတ်ဝင်စားအောင် လုပ်ဖို့ခက်ခဲလာတတ်ပါတယ်။ အဲ့အတွက်ကြောင့် တနေ့ကို တစ်ပို့စ်၊ နှစ်ပို့စ် ဆိုတာထက် အမိုက်စား content တွေကို တပါတ် ၃ပုဒ်လောက်နဲ့ ထိုးဖောက်ကြည့်ဖို့ အကြံပြုထားတာတွေကို နောက်ပိုင်းလေ့လာ တွေ့ရှိရပါတယ်။

? Post when your fans are online Page တွေတိုင်းကတော့ အများဆုံး ကြည့်ရှူ့ခံရတဲ့ အချိန်တွေ အသီးသီးကွဲပြားပါတယ်။ မိမိ Brand ရဲ့ Industry နဲ့ audience ပေါ်မူတည်ပြီး တင်ရမှာဖြစ်ပါတယ်။ အားလုံးသိထားတဲ့ အချက်ဆိုပေမဲ့ Post မတင်ခင်မှာ Facebook Page Insight ထဲကိုဝင်ပြီးစစ်ဆေးသင့်ပါတယ်။

? Try videos Video တွေကလဲ Engagement ရနိုင်ဖို့ အတွက်များစွာအထောက်အကူပေးပါတယ်။ ကျွန်တော်တို့လေ့လာထားတဲ့ အချက်အလက်တွေအရ Video တင်ခြင်းက Engagement rate ကို ၁၁၀ % တိုးစေပြီး YouTube Link ကို share လိုက်တာထက် ၄၇၈ % Engagement တက်စေတယ်လို့သိရပါတယ်။ နောက်ထပ်သတိပြုသင့်တဲ့ အချက်ကတော့ caption ပါ။ Video တွေတင်တဲ့ အခါမှာ caption on ထားသင့်တယ်လို့သိရပါတယ်။

? Go Live Live လွှင့်ပေးခြင်းကလဲ Engagement တက်စေပါတယ်။ အပတ်စဉ်တိုင်း celebrity တွေနဲ့ Live sales ဆိုတာထက်
✅ကျင်းပနေတဲ့ event တခုခုရဲ့ behind-the-scenes
✅ရုံးခန်းအတွင်းက လုပ်ငန်းဆောင်တာတခုခု
✅မိမိလုပ်ငန်းနှင့်ပတ်သတ်တဲ့ Question-and-Answer ( သို့မဟုတ်) Ask-Me-Anything session
✅လုပ်ငန်း industry နှင့် ပတ်သတ်သော ကျွမ်းကျင်သူများနှင့် စကားဝိုင်း (သို့မဟုတ်) အင်တာဗျူး
✅Breaking news တွေကိုဆွေးနွေးတာမျိုး
✅How to do tips တွေ ဝေမျှပေးတာမျိုး
✅မိမိလုပ်ငန်းနှင့်ပတ်သတ်သော သရုပ်ပြ ( demonstrate ) တင်ဆက်မှုမျိုးတွေကို Live လွှင့်ပေးသင့်ပါတယ်။

? Recycle Your Top Post Page တွေတိုင်းမှာ ပေါက်သွားတဲ့ (သို့မဟုတ်) Hit ဖြစ်သွားတဲ့ post တွေ၊ article တွေရှိပါတယ်။ အဲ့ဒီလို post တွေကိုပြန်တင်ပေးတာကလဲ engagement ကိုတက်စေတယ်လို့သိရပါတယ်။

နောက်ရက်မှာလဲ How To Increase Engagement Part-2 ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်များနှင့်ပတ်သက်ပြီး Digital ပေါ်မှာ အမြဲအောင်မြင်မှုရရှိနေစေဖို့အတွက် GIM မှ ထိရောက်တဲ့ Digital Marketing Strategy တွေနဲ့ ပံ့ပိုးပေးဖို့အမြဲအဆင်သင့်ရှိလျက်ပါ…?

#FacebookEngagement
#digitalmarketing
#digitalsales
#gim
Contact us: +95 0945594477
Read more ? www.gim4u.com