News

SEO (Search Engine Optimization) ဟာဆိုရင် Business Owner တွေရဲ့ Website တွေကို မြန်ဆန်ထိရောက်စေပြီး User-Friendly ဖြစ်စေတဲ့အပြင် Search engine ပေါ်မှာလည်း Ranking မြင့်မားစွာရစေတဲ့ Website ဖြစ်ဖို့အတွက် များစွာအထောက်အကူပြုတဲ့ Marketing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ဒါ့အပြင် Website ပေါ်ကိုအလားအလာရှိတဲ့ အရည်သွေးပြည့်တဲ့ Potential Customer တွေ တိုးပွားလာစေတဲ့အပြင် တဖြည်းဖြည်းနဲ့နောက်ဆုံးမှာ Website Bounce Rate တွေပါပြောင်းလဲတိုးတက်လာပါလိမ့်မယ်။

SEO ဟာသင့်ရဲ့ Business ကို Brand awareness လည်းပိုမိုရရှိစေပါတယ်။ User အများစုဟာ Search Engine ပေါ်မှာရှာဖွေလိုက်ရင် ပထမဆုံးနေရာမှာ ရောက်ရှိတဲ့ Site ကိုအခြား Site တွေထက်ပိုမိုယုံကြည်လေ့ရှိကြလို့ပဲ ဖြစ်ပါတယ်။ဒါကြောင့် သင်ဟာ Business Owner တစ်ယောက်ဖြစ်မယ် သင့်ရဲ့ Website ကို Strong ဖြစ်ချင်ပြီး အခြား Competitor တွေထက်သာလွန်တဲ့ Customer တွေရရှိချင်တဲ့အပြင် သင့်ရဲ့ Business ကို Next level ရောက်ချင်တယ် ဆိုရင် SEO ကိုအသုံးချသင့်ပါတယ်။

*SEO ကနေရရှိမယ့် အဓိက ရလဒ် ၅ ခုကတော့*
1.User Friendly Website ဖြစ်စေခြင်း အပေါ်ကပြောခဲ့သလိုပါပဲ SEO ဟာ Business owner တွေရဲ့ Website တွေကိုပိုမိုမြန်ဆန်ချောမွေ့စေပြီး User Friendly ဖြစ်စေပါတယ်။ ယနေ့ခေတ်မှာ SEO ဟာ User Experience ကိုပါတိုးပွားစေပါတယ်။ Website တစ်ခုဟာ Structure ကောင်းကောင်းနဲ့တည်ဆောက်ထားမယ် အမြင်အားဖြင့်ရှင်းလင်းပြီး Uncluttered ဖြစ်တဲ့ Website မျိုးဟာဆိုရင် Causal visitor တွေ Website မှာကြာကြာနေအောင်ဆွဲဆောင်နိုင်ပါတယ်။ ဒီလိုကနေ Pages view တော့တိုးတက်လာပေမဲ့ Website bounce rate ကတော့နိမ့်ဆင်းလာတတ်ပါတယ်။ အလားတူပါပဲ သင့်ရဲ့ Website မှာရှိတဲ့ Content တွေ Blog article တွေ Sale post တွေဟာ Reader တွေ Viewer တွေကိုပျော်ရွှင်စေပြီး သူတို့ရှာချင်တဲ့ အကြောင်းအရာတွေ ဖတ်ချင်တဲ့အရာတွေ မေးချင်တဲ့အရာ စသဖြင့် စိတ်ဝင်စားမှုရရှိစေပြီး Website ပေါ်မှာဆွဲဆောင်ထားနိုင်ပါတယ်။ SEO အသုံးပြုထားတဲ့ Website စာမျက်နှာမှာဆိုရင်တော့ Search Engine ဟာလည်း တန်ဖိုးရှိတဲ့ High quality information ကို User တွေကိုဖော်ပြပေးနိုင်မယ် User တွေဟာလည်းသိလိုတဲ့အရာတွေကို အလွယ်တကူသိနိုင်မယ် ဒါကြောင့် SEO ဟာ User Friendly ဖြစ်စေပါတယ်။

2.Customer ပိုမိုရရှိအောင်ဆွဲဆောင်နိုင်ခြင်း သင့်ရဲ့ Website တစ်ခုတည်ဆောက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်က သင့်ရဲ့ Competitor တွေနဲ့ယှဉ်တဲ့အခါ ဦးမော့နေစေနိုင်ဖို့နဲ့ Customer များများရဖို့ပဲဖြစ်ပါတယ်။ဒါ့အပြင် ဘာကြောင့် ဒီ SEO Marketing အပေါ်ငွေတွေအသုံးပြုရသလဲဆိုရင်တော့ အဖြေကရိုးရှင်းပါတယ်။ SEO optimized website တွေဟာအခြား မပြုလုပ်ထားတဲ့ Website တွေနဲ့နှိုင်းယှဉ်တဲ့အခါမှာ နှစ်ဆမြန်ဆန်စွာ Customer ပိုမိုတိုးပွားစေပါတယ်။ SEO ဟာဆိုရင် ယနေ့ခေတ်မှာ ကုန်ကျစရိတ်သက်သာစွာနဲ့ ထိရောက်တဲ့ Marketing Strategy တစ်ခုပဲဖြစ်ပါတယ်။ SEO အသုံးပြုပြီးရရှိလာတဲ့ Customer တွေဟာဆိုရင်လဲ သင့်Business ရဲ့ Product or service အကြောင်းကိုသိလို၍ရှာဖွေတဲ့သူများပဲဖြစ်ပါတယ်။ တကယ်လို့သင်ဟာ အချိန်ကုန်သက်သာချင်တယ် ငွေပမာဏအနည်းငယ်နဲ့ပဲ အသုံးပြုချင်တယ်ဆိုရင် SEO ဟာအခြားသင်အသုံးပြုဖူးတဲ့ Marketing နည်းလမ်းတွေထက် ပိုမိုသာလွန်တဲ့ Result ကိုရရှိစေမှာပဲဖြစ်ပါတယ်။

3. Conversion Rates ပိုမိုသာလွန်ခြင်း SEO-optimized website တွေဟာဆိုရင် Mobile နဲ့ Tablet အပါအဝင်အခြားသော Devices တွေမှာ Loading ပိုမိုမြန်စေတဲ့အပြင်ဖတ်ရှုအသုံးပြုရတာလည်းလွယ်ကူပြီး Properly Display လုပ်နိုင်ပါတယ်။ Website တစ်ခုဟာ ဖတ်ရတာလွယ်ကူမယ် ဝင်ရောက်ရတာမြန်ဆန်မယ်ဆိုရင် Reader နဲ့ Visitor တွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်မှာအမှန်ပါပဲ။ သင့်ရဲ့ Website အတွက် Loyal visitor, subscriber တွေရရှိစေပြီး သင့် Website ကိုထပ်မံပြန်လာချင်အောင်ဖမ်းစားနိုင်မှာပဲဖြစ်ပါတယ်။

4. Brand Awareness တည်ဆောင်နိုင်ခြင်း SERP(Search Engine Result Page)တွေမှာ Website Ranking တက်လာခြင်းရဲ့သိသာတဲ့ အကျိုးရလဒ် တစ်ခုကိုပြပါဆိုရင် Brand Awareness တည်ဆောက်လာနိုင်ခြင်းပါပဲ။ တကယ်လို့သင့်ရဲ့ Website ဟာ Google လိုမျိုး Search engine ရဲ့ ပထမဦးဆုံး Page မှာရှိနေခဲ့မယ်ဆိုရင် Potential Customer တွေဟာ သင့်ရဲ့ Brand ကိုအခြား Strong မဖြစ်တဲ့ Website တွေထက်ပိုမိုယုံကြည်မှုရရှိစေပါတယ်။ ဒါကြောင့် Brand awareness ရချင်တဲ့ Business တွေအနေနဲ့ သူတို့ရဲ့ Marketing ကုန်ကျစရိတ်ကို SEO ပေါ်မှာရင်းနှီးသင့်ပါတယ်။ယခုလို Social media တွေကျယ်ပြန့်လာတဲ့ခေတ်မှာ SEO ဟာသင်ရွေးချယ်သင်တဲ့ Marketing နည်းလမ်းတစ်ခုပါ။

5. Competitor တွေကိုရှောင်လွှဲနိုင်ခြင်း ဥပမာအနေနှင့် တူညီတဲ့ အပြိုင် Business နှစ်ခုဟာ တူညီတဲ့ Product ကိုရောင်းချနေပြီး ဈေးနှုန်းအနေနဲ့လည်းတူညီနေတယ်ဆိုပါစို့ …အဲ့ဒီ Business နှစ်ခုမှာ တစ်ခုဟာ SEO optimized Website ရှိပြီးအခြားတစ်ခုဟာမရှိဘူးဆိုရင် ဘယ် Business ဟာပိုမိုပြီး Brand awareness ရရှိပြီး Customer တိုးတက်စေမယ်လို့ထင်ပါသလဲ ? ဘယ် Website ဟာ Local customer တွေကိုပိုမိုဆွဲဆောင်နိုင်မယ်လို့ထင်ပါသလဲ ? SEO အသုံးပြုထားတဲ့ Website ဟာ ဈေးနှုန်းတူ Product ခြင်းတူနေရင်တောင် Customer ပိုမိုရရှိအောင်စွမ်းဆောင်နိုင်ပါတယ်။

*SEO ဟာတကယ်ကို Strong ဖြစ်တဲ့ Marketing နည်းလမ်းတစ်ခုပါ။ တကယ်လို့ လူကြီးမင်းရဲ့ အပြိုင် Business တွေဟာ SEO ကိုအသုံးပြုနေပြီး သင့် Company Website အတွက်အသုံးမချရသေးဘူးဆိုရင်တော့ အသုံးပြုကြည့်ဖို့ အကြံပေးပါတယ်*

*Ranking မြင့်မြင့်နဲ့ အကောင်းဆုံး Search engine optimization ကို ဖန်တီးပေးဖို့ GIM ကို အခုပဲ ဆက်သွယ်လိုက်ပါ *