News

အောင်မြင်တဲ့ Brand တစ်ခုဘယ်လိုတည်ဆောက်မလဲ…?

အောင်မြင်တဲ့ လုပ်ငန်းတိုင်းက Brand Building ကို ကောင်းကောင်း တည်ဆောက် ထားပြီးသားဖြစ်ပါတယ်။

Brand တစ်ခုကို တည်ဆောက်တယ်ဆိုတာ Logo ကောင်းကောင်းတစ်ခုရှိနေတာမျိုး ကြေငြာ ထည့်တာတွေမျိုး ထက်အများကြီးပိုပါတယ်။

Brand တခုကိုတည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကတော့

? Brand Strategy

? Brand Identity နဲ့

? Brand Marketing ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။

အိမ်တစ်အိမ်ကိုဆောက်ဖို့ Blueprint Brand ( Design Plan ) ဆိုတာမရှိမဖြစ်လိုအပ်သလိုပါပဲ Brand Strategy ကလဲ အဓိကျပါတယ်။ လူကြီးမင်းတို့ရဲ့ Brand က အခြား Brand တွေနဲ့ ဘယ်လိုကွဲပြားလဲ၊ ဘယ်လိုယုံကြည်စိတ်ချရကြောင်းပြောမလဲ၊ Brand တစ်ခုရဲ့ ကတိကဝတ်တွေကို ကွဲကွဲပြားပြားသိစေနိုင်တဲ့ strategy ချမှတ်တာကို Brand Strategy လို့ခေါ်ပါတယ်။

Brand Identity ဆိုတာကတော့ Public ကိုချပြချင်တဲ့ လူကြီးမင်းတို့ Brand နဲ့ပါတ်သတ်ပြီးပေးချင်တဲ့ Message ဖြစ်ပါတယ်။

Brand Identity ကိုသိသာစေတာတွေကတော့…

? Logo
? Colors and fonts
? Patterns and icons
? Collateral
? Website design
? Content and messaging
? Advertising
? Print or packaging တို့ပဲဖြစ်ပါတယ်။

Brand Marketing ဆိုတာကတော့ လုပ်ငန်းတခုအနေနဲ့ highlight လုပ်ချင်တဲ့ အကြောင်းအရာတွေ awareness ဖြစ်စေချင်တဲ့ အရာတွေကို Digital Marketing၊ Traditional Marketing နဲ့ Public Relation တွေကို အသုံးပြပြီး ပြုလုပ်ရတာပဲဖြစ်တာပဲ။

လူအများစုကြိုက်နှစ်သက်တဲ့ Brand ဖြစ်ချင်တာဆိုရင်တော့ ….

1. Discover the purpose behind your brand
Brand မှာ မိမိက customer တွေကိုဘယ်လို products (သို့မဟုတ်) services ပေးမှာလဲဆိုတာ တိတိကျကျ သတ်မှတ်ပြီး Brand ကိုတည်ဆောက်ရမှာဖြစ်ပါတယ်။

2. Research competitive analysis Branding နဲ့ ပါတ်သတ်တဲ့အခါမှာ ပြိုင်ဖက်လုပ်ငန်းတွေက messaging, visual identity တို့နဲ့ပါတ်သတ်ပြီး သတ်သတ်မှတ်မှတ် ကြေငြာလေ့ရှိသလား၊ products တွေ services တွေရဲ့ အရည်အသွေး၊ social media ပေါ်က activity တွေ၊ comment တွေနဲ့ တခြား Marketing activity တွေကို လေ့လာရမှာဖြစ်ပါတယ်။

3. Determine your target audience မိမိလုပ်ငန်းရဲ့ Target စျေးကွက်ကို ကွဲကွဲပြားပြား သတ်မှတ်ဖို့ လိုအပ်ပါမယ်။ ဥပမာ နည်းပညာကိုစိတ်ဝင်စားသူဆိုတာထက် နည်းပညာနဲ့ပါတ်သတ်ပြီး team အကြီးတခုကိုဦးဆောင် နေရသူများဆိုတဲ့ Target ကိုပြီး တိတိကျကျ သတ်မှတ်ရမှာ ဖြစ်ပါ တယ်။ Brand Buyer persona ကို ( အသက်အရွယ်၊ နေရာ၊ အလုပ်အကိုင်၊ ပညာရေး ) အစရှိသည်တို့ နဲ့ အသေးစိတ်ခွဲခြား ရမှာဖြစ်ပါတယ်။

4. Establish its mission and vision လုပ်ငန်းတစ်ခုရဲ့ mission၊ vision တွေကို သတ်သတ်မှတ်မှတ်ထားရှိရမဲ့ အကြောင်းက တော့ အားလုံး သိရှိ ပြီးသားဖြစ်ကြမှာပါ။ ကြေငြာတိုင်းမှာ အသုံးပြုလိုက်တဲ့ tagline, အသံအနေ အထား၊ ရေးသားပုံရေးသားနည်း အစရှိသည်တို့က brand ရဲ့ vision mission တွေနဲ့ အမြဲကိုက်ညီစေဖို့ သတိပြုသင့်ပါတယ်။ Stay true with your identity ဆ်ုတဲ့ အတိုင်း Brand စတင်ကတည်းက ချမှတ်ထားတဲ့ ပုံစံအတိုင်းပဲ ကြေငြာတာ၊ လူထုနဲ့ဆက်သွယ်တာမျိုးကို ပြုလုပ်သင့်ပါတယ်။

5. Build a story and message Brand တစ်ခုရဲ့ အကြောင်း ကြေငြာတဲ့ အခါမှာ story တွေနဲ့ ဖော်ပြတာ ပိုပြီး လူသိစေပါတယ်။ လူတွေရဲ့ emotion နဲ့ ကိုယ့် Brand ကိုချိတ်ဆက်လိုက်တာပါပဲ။

အခုပြောပြခဲ့တဲ့ Brand building, Brand Strategy, Brand Marketing တို့နဲ့ပါတ်သတ်တဲ့ Brand Building Consultation, Digital Strategy, Production များနဲ့ပါတ်သတ်ပြီးတိုင်ပင်ဆွေးနွေးလိုပါက GIM က အသင့်ရှိနေတယ်ဆိုတဲ့ အကြောင်းလဲ တစ်ခါထဲ အသိပေးလိုက်ပါရစေနော် ?

#Brandbuilding
#brandidentity
#brandstrategy
#brandmarketing
#Global_Inovations_Media
Contact us: +95 0945594477
Read more ? www.gim4u.com