News

Apple ကနေပြီတော့ Iphone နဲ့ချိတ်ဆက်ပြီးအသုံးပြုရမဲ့ AirTag ဆိုတဲ့ iPhone accessory ကို မိတ်ဆက်လိုက်ပြီး April ၃၀ မှာစတင် ဝယ်ယူလို့ရမယ်လို့သိရှိရပါတယ်။ Privacy နဲ့ security မှာစိတ်ချရပြီး မိမိရဲ့ အရေးကြီးပစ္စည်းလေးတွေမှာသေးငယ်ပြီးသေသပ်လှပတဲ့ ဒီဇိုင်း ရှိတဲ့ AirTag ကို key chain လိုမျိုး တွဲချိတ် အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ချိတ်ထားတဲ့ ပစ္စည်းရဲ့တည်နေရာကို အလွယ်တကူခြေရာခံ ဖော်ပြပေးနိုင်ပြီး Iphone မှာရှိတဲ့ Apple’s Find My app နဲ့ connect လိုက်ရုံဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ AirPods နဲ့ Pair လုပ်တဲ့ပုံစံမျိုးနဲ့တူပါတယ်။ AirTag ကို iPhone နားကပ်လိုက်တာနဲ့ iPhone မှာ AirTag နဲ့ Pair လုပ်ဖို့ပေါ်လာမှာပါ။ AirTag မှာပါဝင်တဲ့ Chip ကတည်ရှိရာနေရာကို ဖော်ြပပေးပြီး Built-in speaker မှတစ်ဆင့် အသံပေးခြင်းဖြင့်လည်း တည်ရှိရာနေရာကို သိရှိနိုင်မှာဖြစ်ပါတယ်။

AirTag တစ်ခုကို $29 ကစတင်ရောင်းချမှာဖြစ်ပြီး အရေးကြီးတဲ့ handbag၊ မကြာခဏပျောက်တက်တဲ့ အိမ်သော့ ကားသော့တွေ၊ Backpack တွေ ခရီးသွားတဲ့ အခါမှာလဲ luggage တွေမှာချိတ်ထားပြီး အသုံးပြုသင့်ပါတယ်။

Air Tag ကို apple.com or the Apple Store app မှဝယ်ယူလျှင် စာသားနဲ့ emoji 31 ခုမှ ကြိုက်နှစ်သက်ရာ ကိုရွေးချယ်ပြီး အခမဲ့ engrave ပြုလုပ်ပေမယ်လို့လဲဖော်ပြထားပါတယ်။

AirTag ကို အကြမ်းခံပြီး ပေါ့ပါးသော Polyurethane LoopLeather Loop နှင့် တွဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတာတစ်ခုကတော့ AirTag and Hermès ပူးပေါင်းထားတာဖြစ်ပါတယ်။ သားရေ customize ဒီဇိုင်းဖြစ်ပြီး အိတ်တွေမှာတပ်ဆင်နိုင်သော (Bag Charm ), Key Ring, Travel Tag, and Luggage Tag ဆိုပြီးရွေးချယ် ယ်ယူနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ $ 299 မှစတင်မယ်လို့သိရှိရပါတယ်။

Apple က မိတ်ဆက်ပေးခဲ့တဲ့ Air Tag အကြောင်းကို စုစည်းတင်ပြလိုက်ပါတယ်။ မဝယ်ယူခင်စဉ်းစားရာတွင် အထောက်အကူ ဖြစ်မယ်လို့လဲ မျှော်လင့်ပါတယ်။