News

ပြောင်းလဲတိုးတက်လာတဲ့ Digital ခေတ်ကြီးထဲတွင် ခေတ်ရေစီးကြောင်းနှင့်အတူ များပြားလှတဲ့ product တွေ ကြား ကိုယ့် product ကို Digital Platform တွေ ရဲ့အကူအညီနဲ့ သန်းပေါင်းများစွာသော လူတွေဆီရောက်ဖို့ GIM နှင့်လက်တွဲပြီး လူကြီးမင်းတို့ ထုတ်ကုန်များရဲ brand awareness နှင့် sales income တက်ဖို့ ပထမဦးစွာ Google မှာ ဘယ်လိုတွေ ကြော်ငြာလို့ရမလဲ ကို GIM မှ စုစည်းတင်ပြလိုက်ပါတယ် ? သိထားသင့်သော Google Ads အမျိုးအစားများမှာ အဓိကအနေနဲ့ Ads အမျိုးအစား ၅ခုရှိပါတယ် ?

(1) Search Ads

Google မှာ ကိုယ့်ရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာမျိုးကို ရှာတဲ့အခါ ထိပ်ဆုံးမှာ ပေါ်လာအောင် ကြော်ငြာတာပါ။ ဥပမာ “Travel Agency in Myanmar” လို့ Customer က Google မှာ ရိုက်ပြီးရှာတဲ့အခါ ကိုယ့် Company ကို ထိပ်ဆုံးကနေပေါ်အောင် ကြော်ငြာတာမျိုးပါ။ ဒါကို Search Engine Marketing (SEM) လို့လဲခေါ်ပါတယ်။

(2) Display Ads Google

ကိုယ့်ရဲ့ကြော်ငြာကို တစ်ခြားသူရဲ့ Website ထဲမှာ ပြပေးပြီးကြော်ငြာတာပါ။ ဥပမာ Website တစ်ခုကို ၀င်ကြည့်တဲ့အခါ ‌ဘေးမှာ ပုံလေးတွေနဲ့ ကြော်ငြာလေးတွေတက်နေတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ အဲ့လိုကြော်ငြာတာကို Display Ads လို့ခေါ်ပါတယ်။

(3) Video Ads

ရုပ်ရှင် ၊ သီချင်း ၊ online learning စသဖြင့် ဗီဒီယိုတစ်ခုခုကို Online / YouTube မှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ကြည့်နေတဲ့အခါမှာ second ပိုင်းစာ ကြော်ငြာလေးတွေ ၀င်လာတာကို သတိထားမိမယ် ထင်ပါတယ်။ အဲ့လို သူများရဲ့ ဗီဒီယိုထဲမှာ ၀င်ပြီး ကိုယ့် Company ရဲ့ကြော်ငြာထည့်တာမျိုးကို Video Ads လို့ခေါ်ပါတယ်။

(4) Shopping Ads

Google မှာ ရှာဖွေမှု တစ်ခုပြုလုပ်လိုက်တာနဲ့ ကိုယ့်ကြော်ငြာ‌တွေ ကို တန်းစီပြီး ဖော်ပြပေးတာမျိုးပါ။ E-Commerce site တွေနဲ့ ချိတ်ပြီးကြော်ငြာကြပါတယ်။ မြန်မာနိုင်ငံမှာဆို shop.com.mm က ဒီလို Ads မျိုး လုပ်လေ့ရှိပါတယ်။

(5) App Ads

ဒါကတော့ ကိုယ့်ရဲ့ Mobile Application တွေကို ထိပ်ဆုံးမှာပေါ်အောင်ကြော်ငြာတာပါ။ ဥပမာ Football Manager Game ဆိုပြီး Play Store မှာ ရှာလိုက်ရင် ထိပ်ဆုံးမှာကိုယ့်ရဲ့ Game ကိုပေါ်နေအောင်လုပ်ပြီး ကြော်ငြာတာပါ။ ဒီနေ့ Sharing လုပ်ခဲ့‌တဲ့ Google Ads အမျိုးအစားတွေထဲကမှ ဘယ် Ads က သင်တို့ လုပ်ငန်းနှင့် ကိုက်ညီမှုရှိမလဲ ကို GIM ကဆွေးနွေးပေးဖို့ အမြဲအသင့်ရှိနေပါတယ် ☺️

Contact us: +95 0945594477
Read more ? www.gim4u.com
#Your_Digital_Partner
#GIM