News

အရင်နေ့က Nano Influencer တွေအကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်တာကြောင့် Micro Influencer များအကြောင်းကိုထပ်မံဖော်ပြပေးလိုက်ပါတယ်။

Micro Influencers ဆိုတာကတော့ follower 10K မှ 100K အထိရှိတဲ့ Influencer များကိုဆိုလိုပါတယ်။ Nano Influencer တွေလောက် follower တွေနဲ့ တရင်းတနှီး မရှိပေမဲ့လဲ follower တွေကို ဂရုတစိုက်ရှိတဲ့ Influencer တွေပဲဖြစ်ပါတယ်။ နာမည်အတော်အသင့်ရထားပြီဖြစ်တဲ့ အလျှောက် ထင်ရှားတဲ့ နယ်ပယ် သီးသန့် ရှိကြပါတယ်။ သတ်မှတ်ထားတဲ့ audience ပေါ်မူတည်ပြီး သင့်တော်တဲ့ Influencer ကို marketing manager တွေအနေနဲ့ ရွေးချယ်ရမှာဖြစ်ပါတယ်။

?Micro Influencer တွေကိုဘယ်အချိန်မှာ ချိတ်ဆက်သင့်လဲ ?

Micro Influencer တွေကိုတော့ ကိုယ့်ရောင်းကုန်တွေကို ရောက်စေချင်တဲ့ target ကိုသတ်မှတ်ပြီးနောက် sales lead တွေပိုများချင်တဲ့ အခါမှာအသုံးပြုလို့ရ ပါတယ်။ ဖော်ပြထားပြီး ဖြစ်တဲ့အတိုင်း Nano နဲ့ Micro Influencer တွေက သူတို့ရဲ့ follower တွေနဲ့ ရင်းရင်းနီးနီးရှိကျပါတယ်။ လုပ်ငန်းရှင်တို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှူ့တွေအကြောင်းကို Influencer တွေက ကိုယ်စားပြုပြီး ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

?Micro Influencer တွေကိုဘယ်လို ရှာတွေ့နိုင်မလဲ ?

Influencer တွေက သင့်ရဲ့ထုတ်ကုန် (သို့မဟုတ်) service တွေနဲ့ ကိုက်ညီမှု့ရှိ မရှိကိုသိလိုပါက social media ပေါ်ကနေပဲ အလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်။ 10K မှ 100K အထိရှိတဲ့ Micro Influencer များကတော့ hashtag တွေနဲ့ အတန်အသင့်ပေါက်ရောက်ပြီးနေပြီဖြစ်ပါတယ်။ ၎င်းတို့သုံးထားတဲ့ hashtag တွေနဲ့ content တွေကတစ်ဆင့် ဘယ်သူနဲ့ချိတ်ဆက်အသုံးပြုရမယ်ဆိုတာ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တို့အနေနဲ့ မိမိတိုရဲ့လုပ်ငန်းများနဲ့ပါတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပါက GIM ကို အမြန်ဆုံးဆက်သွယ်လိုက်ပါနော် ?

#influencermarketing
#digitalpartner
#gim
Contact us: +95 0945594477
Read more ? www.gim4u.com