News

Follower 100 K မှ 1M အထိရှိတဲ့ Influencer တွေကိုတော့ Macro Influencer လို့ခေါ်ပါတယ်။

Follower အလွန်များတာဖြစ်တဲ့ အတွက်ကြောင့် ထုတ်ကုန်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စေလိုတဲ့အခါမှာ Macro Influencers တွေကိုချိတ်ဆက်အသုံးပြုသင့်ပါတယ်။

? Macro influencers တွေကိုတော့ internet -made celebrity တွေ၊ social media star တွေလို့လဲခေါ်ကျပါတယ်။

? Macro Influencer တွေက ဒီလို follower တွေများလာအောင် နှစ်ပေါင်း၊ လပေါင်း များစွာကြိုးစားလာခဲ့ရတာပဲဖြစ်ပါတယ်။ Follower အမြောက်အများရှိတာကြောင့် ကြေငြာကိုလူမြင်တာများနိုင်မယ်ဆိုပေမဲ့ celebrity တစ်ပိုင်းဖြစ်နေလို့ comment များအကုန်ပြန်လည်ဖြေဆိုနိုင်ခြင်း၊ follower များ တဲ့ အတွက်ကြောင့် Nanoနဲ့ Macro influencer တွေလောက်တော့ engagement များမှာမဟုတ်ပါဘူး။ Reach များနေပေမဲ့ engagement အနေနဲ့ အများကြီးတွက်ထားလို့မရတဲ့သဘောပဲဖြစ်ပါတယ်။

? Macro Influencer ကိုဘယ်အချိန်မှာ ချိတ်ဆက်အသုံးပြုရမလဲ?
Macro influencer တွေကို Brand Awareness ရချင်တဲ့ အချိန်မှာ အသုံးပြုသင့်ပါတယ်။ ကြေငြာတခုရိုက်ကူးထုတ်လွှင့်လိုက်သလိုမျိုး လူအမြောက်အများစီကိုရောက်စေချင်ရင်တော့ Macro Influencer တွေကိုအသုံးပြုသင့်ပါတယ်။ Brand ရဲ့ reputation ကိုထင်ဟပ်စေတာမျိုးလဲဖြစ်တဲ့ အပြင်၊ ကုန်ကျစရိတ်လဲများမှာဖြစ်တာကြောင့်ဘယ်သူနဲ့ရွေးချယ်ကြေငြာမယ်ဆိုတာကတော့ marketing manager များအနေနဲ့အသေအချာ ဆုံးဖြတ် ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

? Macro တွေကိုဘယ်မှာရှိနိုင်မလဲ?
Macro influencers တွေကတော့နာမည်ရပြီးသားဖြစ်တာကြောင့် Trend ဖြစနေတဲ့သူတွေကို Facebook ပေါမှာအလွယ်တကူတွေ့နိုင်ပါတယ်။ သို့ပေမဲ့ Facebook ပေါ်တွင်သာမက YouTube, Instagram ပေါ်မှာလဲ အသေအချာရှာဖွေသင့်ပါတယ်။ Influencer များအသုံးပြုထားတဲ့ hashtag နဲ့ content စပ်ဆက်မှူ့ကိုလဲထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဥပမာ။ မိမိရဲ့ Brand က fitness နှင့်ပါတ်သက်သော product ဖြစ်ပြီး Influencer က ကျန်းမာရေး လိုက်စားသူ မဟုတ်ပါကထည့်သွင်းစဉ်းစားရန်မသင့်ပါ။

လုပ်ငန်းရှင်တို့အနေနဲ့ မိမိတိုရဲ့လုပ်ငန်းများနဲ့ဘယ်လို Influencer တွေနဲချိတ်ဆက်အသုံးပြုသင့်လဲဆိုတာကိုတိုင်ပင်ဆွေးနွေးလိုပါက GIM ကို အမြန်ဆုံးဆက်သွယ်လိုက်ပါနော် ?

#influencermarketing
#digitalpartner
#gim
Contact us: +95 0945594477
Read more ? www.gim4u.com