News

Nano, Micro, Macro, Mega Influencer တွေဖော်ပြပြီးခဲ့တဲ့နောက်မှာ အမျိုးအစားနဲ့ category တစ်ခုပေါ်မှာ အခြေခံတဲ့ influencers တွေအကြောင်းကို ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Gamers
Gaming influencers တွေထဲမှာမှ စိတ်ဝင်စားရာ လမ်းကြောင်းပေါ်မူတည်ပြီး ရေးတဲ့အခါမှာ ကွဲပြားသွားကြပါတယ်။
အကြမ်းဖျင်းအားဖြင့် ……

✅ Game reviews (Game တွေ အကြောင်း review ပြောပြခြင်း)

✅ Tutorials (ကျွမ်းကျင်စွာ ကစားတက်ရန် step by step အသေးစိတ် သင်ပြပေးခြင်း)

✅ Game walkthroughs (Game တွေဘယ်လိုဆော့ရမလဲဆိုတာနဲ့ functions တွေကို အကြမ်းဖျင်းရှင်းလင်းပြခြင်း)

✅ Montages (editing များလုပ်ကာ main points များ အရေးကြီးပြကွက်များသာပြခြင်း)

✅ Challenges (Gamer အချင်းချင်း challenge ခေါ်ကာ game ကစားပြခြင်း)

✅ Team matchups (အဖွဲ့လိုက် ပြိုင်ကာ game ကစားခြင်း) အစရှိသည်တို့ဖြစ်ပါတယ်။

Gaming influencers အများစုကတော့ live streaming လုပ်ကြတဲ့ အတွက်ကြောင့် live stream Platform ဖြစ်တဲ့ Twitch မှာ ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ gamer အများစုကတော့ Facebook နှင့် YouTube ပေါ်ကနေပဲ live လွှင့်လေ့ရှိကျပါတယ်။

Gamer တွေရဲ့ follower တွေကတော့ သူတို့ရဲ့ gaming skill တိုးတက်ချင်တာ၊ entertainment သဘောအနေနဲ့ ကြည့်ချင်တာ၊ personally ကြိုက်နှစ်သက်တာတွေကြောင့် follow လုပ်ထားကျတယ်လို့ လေ့လာသိရှိရပါတယ်။

Gaming Influencers တွေနဲ့ချိတ်ဆက်လေ့ရှိတဲ့ လုပ်ငန်းတွေကတော့ Game company တွေ၊ ကား company တွေ၊ အင်္ကျီအဝတ်အစား၊ ဖိနပ်၊ အစားအသောက်လုပ်ငန်းတွေပဲ ဖြစ်ကြပါတယ်။ Live streaming လဲဖြစ်ပြီး reach များတာကြောင့် Gaming Influencer တွေကလဲ ခေတ်စားလာတဲ့ Influencer type မျိုးဖြစ်လာပါတယ်။

လူကြီးမင်းများအတွက် ကြေငြာများအတွက် ဘယ်လို Influencer များနဲ့ ချိတ်ဆက်ရမလဲဆိုတာသိရှိလိုပါက အခုပဲ GIM ကိုဆက်သွယ်လိုက်ပါနော်။

#influencermarketing
#digitalpartner
#GIM
Contact us: +95 0945594477
Read more ? www.gim4u.com