News

Nano Influencer, Micro Influencer နှင့် Macro Influencer များအကြောင်းကို ဖော်ပြခဲ့ပြီးနောက် ဒီနေ့မှာတော့ Mega influencers များအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Mega influencers ဆိုတာကတော့ celebrities ဖြစ်ပြီးသားသူများ social media အသုံးပြုခြင်းအပေါ်မှာကြေငြာခြင်းပဲဖြစ်ပါတယ်။ Mega influencers အများစုကမင်းသား၊ မင်းသမီး၊ အဆိုတော် အစရှိသည်တို့ဖြစ်တဲ့အတွက်ကြောင့် follower 1 M မနည်းဆုံးရှိကျတဲ့သူများလဲဖြစ်ပါတယ်။

Mega influencers များနဲ့ ချိတ်ဆက် လုပ်ကိုင်မယ်ဆိုရင်တော့ မာကတ်တင်း မန်နေဂျာများအနေနဲ့ကတော့ ဘတ်ဂျက်ကို အထိကထည့်သွင်း စဉ်းစားရမှာပဲ ဖြစ်ပါတယ်။ သူတို့နဲ့ ကြေငြာမယ်ဆိုရင်တော့ ပရိတ်သတ်တွေက အရွယ်စုံ မျိုးစုံရှိပြီးသား ဖြစ်တာကြောင့် ဝယ်ယူသုံးစွဲသူအချို့ကိုပဲ target လုပ်ချင်ရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

? Mega Influencers တွေနဲ့ ဘယ်အချိန်မှာ ချိတ်ဆက်မလဲ? သင့်လုပ်ငန်းက ကြီးမားကျယ်ပြန်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်၊ brand awareness campaign တစ်ခုကြီးကြီးမား လုပ်ချင်တယ်ဆိုတဲ့အချိန်၊ သင့်ထုတ်ကုန်တွေကို သုံးစွဲနေသူတွေမျက်လုံးထဲ အမြဲမြင်စေချင်နေတာမျိုး၊ segment မျိုးစုံကိုသင့်ထုတ်ကုန်အကြောင်း သိစေချင်တာမျိုးဆိုရင်တော့ Mega Influencers တွေနဲ့ ချိတ်ဆက် ကြေငြာရမှာဖြစ်ပါတယ်။

? Mega Influencers တွေကိုဘယ်လိုရှာရမလဲ ? Mega influencers တွေကတော့ ဖော်ပြခဲ့တဲ့အတိုင်း နာမည်ကြီးပြီးသားတွေ ဖြစ်တဲ့အတွက် မိမိလုပ်ငန်းနဲ့ကိုက်ညီမဲ့ Influencers ကိုအလွယ်တကူရွေးချယ်လိုက်ရုံပါပဲ။ hashtags တွေ trend တွေကြည့်နေစရာတောင်မလိုပါဘူး။ မိမိထုတ်ကုန်နဲ့တူညီတဲ့ထုတ်ကုန်တွေကို ကြေငြာပေးခဲ့ဖူးခြင်းရှိလား၊ မိမိ brand, product တွေနဲ့ကိုက်ညီမှု့ရှိလား ဆိုတာကိုပဲထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ကြေငြာများအတွက်ဘယ်လို Influencer များနဲ့ချိတ်ဆက်ရမလဲဆိုတာ သိရှိလိုပါကအခုပဲ GIM ကိုဆက်သွယ်လိုက်ပါနော်။

#influencermarketing
#digitalpartner
#gim
Contact us: +95 0945594477
Read more ? www.gim4u.com