News

? Sales တက်လာအောင် Digital Marketing မှတဆင့်ဘယ်လိုလုပ်မလဲ ?

ယနေ့အချိန်ကာလတွင် Digital Marketing Tools မျာကိုမရှိမဖြစ်အသုံးပြုလာရပါတယ်။ Social Media Platform များပေါ်ကတဆင့် Brand Reputation တည်ဆောက်တာ၊ Loyal customer တွေရလာအောင်ဆွဲဆောင်တာ၊ sales တွေတက်လာတာ၊ lead form များရရှိလာအောင်ပါ ပြုလုပ်လာကြပါတယ်။

? Know your audience and potential customers Sales တက်ချင်တယ်ဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ မိမိလုပ်ငန်းရဲ့ Audience နဲ့ Potential Client တို့ကိုသိထားဖို့လိုအပ်ပါတယ်။ Platform တွေအများကြီး အသုံးပြုပြီး ကြေငြာနေတာထက် မိမိလုပ်ငန်းနဲ့သင့်တော်မဲ့ Platform ၂ခု၊ ၃ခုမှာ ကြေငြာတာပိုပြီးထိရောက်တယ်လို့လဲ လေ့လာသိရှိရပါတယ်။ ဥပမာ မိမိလုပ်ငန်းရဲ့ Potential Client တွေက အသက်၃၅နှစ်အထက်ရှိမယ်ဆိုရင် Instagram နဲ့ snapchat အစား YouTube နှင့် Google တို့ပေါ်မှာအားပြုကြေငြာသင့်ပါတယ်။

? Work with social media influencers နိုင်ငံတကာမှာလည်း influencer တွေကsocial media marketing ရဲ့ အဓိကနေရာကိုယူထားဆဲပဲဖြစ်ပါတယ်။ မိမိလုပ်ငန်းအကြောင်း၊ product နှင့် service များအကြောင်းကို သေချာစွာ ကိုယ်စားပြုရှင်းပြပေးနိုင်မဲ့ Influencer များနဲ့ ချိတ်ဆက်ထားသင့်ပါတယ်။ Influencer တွေရဲ့ Content တွေ၊ ဓာတ်ပုံတွေ၊ Video တွေက digital marketing မှာ မရှိမဖြစ်လိုအပ်ပါတယ်။

? Use Paid ads Paid ads, Facebook မှာဆိုရင်တော့ Boosting Budget ပါ။ Budget ကို အသေအချာသတ်မှတ်ပြီး ကြေငြာသင့်ပါတယ်။ Organic reach တွေကျလာပြီး လူတွေကကြေငြာတွေကိုမမြင်ရတော့တဲ့အခါမှာ “Leverage paid media to reach your audience,” ဆိုတဲ့အတိုင်း Paid ads အတွက် Budget ကိုတော့ မနှမြောသင့်ပါဘူး။

? Share User-Generated Content နောက်ပိုင်းမှာတော့ customer တွေက honest review တွေကိုရှာဖွေဖတ်ရှု့ လာကျပါတယ်။ Customer review တွေက လုပ်ငန်းအတွက်ကောင်းတာရော မကောင်းတာရောရှိလာနိုင်ပေမဲ့ honest review အချို့ကြောင့် sales drive လုပ်နိုင်လာတာတွေ့ရပါတယ်။ Social Media ပေါ်မှာ User-generated content တွေပိုပေါ်လာအောင် ပြုလုပ်သင့်ပါတယ်။ မိမိလုပ်ငန်းရဲ့ Product photo တွေကိုဝေမျှတာ၊ hashtag အသုံးပြုတာ၊ review video တွေကိုပြန်share ပေးတာမျိုးတွေကိုပြုလုပ်သင့်ပါတယ်။

? Learn from past campaign Digital marketing တခါ run လိုက်ရုံနဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ audience တွေဆီကို target ထိတာမျိုးချက်ချင်းဖြစ်ဖို့ ၊ sales ချက်ချင်းတက်ဖို့တော့ မလွယ်ကူနိုင်ပါဘူး။ feedback များ၊ကြည့်ရှူ့နှုန်း၊ reach အစရှိတဲ့ data တွေကိုသိမ်းဆည်းထားပြီး နောက် Campaign တွေအတွက်ပြင်ဆင်သင့်ပါတယ်။

အထက်ပါဖော်ပြချက်များအရ စီးပွားရေးတခုရဲ့ အဓိကရည်မှန်းချက်တခုဖြစ်တဲ့ ကိုယ့်ရောင်းကုန်product တွေရဲ့ ရောင်းအားမြှင့်တ င်တိုးတက်ဖို့ အတွက် Digital Marketing ကိုလဲ ကျယ်ပြန့်စွာလုပ်သင့်တာမို့ Digital Marketing Campaign များနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပါက GIM က အသင့်ရှိနေပါတယ်နော်..?

#GIM
#SalesIncrease
#DigitalMarketing
#SocialMediaPlatform
#MediaInfluencer
Contact us: +95 0945594477
Read more ? www.gim4u.com